ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဥပဒေအရာရှိအဆင့် - ၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်းတွင် သရုပ်ပြတရားရုံး(Mock Court) ပို့ချနေမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဥပဒေအရာရှိအဆင့် - ၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်းတွင် သရုပ်ပြတရားရုံး(Mock Court) ပို့ချနေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / April 21, 2026
image_latest


နေပြည်တော် ဧပြီ ၂၀

ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ဥပဒေရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်း (Legal Advocacy Center) ဖွင့်လှစ်လျက်ရှိသည့် ဥပဒေအရာရှိအဆင့်- (အစမ်းခန့်) များလုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (/၂၀၂၆)တွင် သရုပ်ပြ တရားရုံး(Mock Court) ပို့ချနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံသားတိုင်းဥပဒေ၏ အကာအကွယ်ကို အညီအမျှရရှိစေရန်၊ မှားယွင်းပြီး အပြစ်စီရင်ခြင်းမခံရစေရန်၊ ပြစ်မှုနှင့် ပြစ်ဒဏ်မျှတပြီး တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် စီရင်နိုင်စေရန်၊ တရားရုံးများ ဖြောင့်မတ်မှန်ကန်စေရေး ဦးစားပေးဖော်ဆောင်သွားမည်ဖြစ်ကြောင်း လမ်းညွှန်ချက်နှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ရွေးချယ်ခန့်ထားပြီးသော အစမ်းခန့်ဥပဒေအရာရှိ အသစ်များကို လုပ်ငန်းခွင်ဝင် သင်တန်းများပေးခြင်းကို ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပို့ချပေးလျက်ရှိကြောင်း၊ ယခုလုပ်ငန်းခွင် ဝင်သင်တန်းတွင် သရုပ်ပြတရားရုံး (Mock Court) လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ဥပဒေအရာရှိများ၏ လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာဆောင်ရွက်နိုင်ရန်၊ မျိုးဆက်သစ် ဥပဒေအရာရှိများအား တရားခွင်နှင့် ရင်နှီးကျွမ်းဝင်စေရန်၊ အတွေ့အကြုံရှိသော ဥပဒေအရာရှိများက မျိုးဆက်သစ်ဥပဒေ အရာရှိများအား ဥပဒေဆိုင်ရာအသိပညာများ လက်ဆင့်ကမ်းဖြန့်ဝေပေးသကဲ့သို့ နောင်တွင် မျိုးဆက်သစ်ဥပဒေအရာရှိများ ကိုယ်တိုင်ဥပဒေအသိပညာများကို လက်ဆင့်ကမ်းဖြန့်ဝေခြင်းဖြင့် နိုင်ငံသားတိုင်းဥပဒေ၏ အကာအကွယ် အညီအမျှရရှိစေရေး ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းမှာကြားသည်။

ဥပဒေအရာရှိအဆင့်- (အစမ်း ခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (/၂၀၂၆) သင်တန်းကို မတ် ရက်မှ ဧပြီ ၂၉ ရက်အထိ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်