ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး လူမှုဖူလုံရေးအဖွဲ့မှ လှည်းကူးမြို့နယ် လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများနှင့် ၎င်းတို့၏သားသမီးများအား ကွင်းဆင်းဆေးကုသမှုနှင့် GF (Myanmar) Garment Co., Ltd. အထည်ချုပ်စက်ရုံအလုပ်သမားများအား တွေ့ဆုံအားပေး

Ministry of Information/ Naypyitaw / May 28, 2026
ရန်ကုန် မေ ၂၇
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့နံနက်ပိုင်းတွင် လှည်းကူးမြို့နယ် လူမှုဖူလုံရေးအကျုံးဝင်အာမခံအလုပ်သမားများ၏ သားသမီး ၁၀၀၀ အား ဖွင့်လှစ်သင်ကြားပေးနေသော ယဉ်ကျေးလိမ္မာသင်တန်း၌ ရွေ့လျားဆေးကုသရေးအဖွဲ့ဖြင့် ကွင်းဆင်းဆေးကုသပေးနေမှုကို ကြည့်ရှုအားပေးသည်။
ရွေ့လျားဆေးကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီး သုံးဦး၊ လက်ထောက်ဆရာဝန် ခုနစ်ဦးအပါအဝင် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၅ ဦးတို့ဖြင့် လူမှုဖူလုံရေး အကျုံးဝင်အာမခံအလုပ်သမားများနှင့် ၎င်းတို့၏သားသမီးများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးခြင်း၊ နောက်ဆက်တွဲရောဂါများဖြစ်ပွားမှု နည်းပါးစေရန် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်များ အသိပေးပြောကြားခြင်းနှင့် ဆေးဝါးများ ထောက်ပံ့ခြင်းတို့ ဆောင်ရွက်ပေးသည်။
လိုက်လံကြည့်ရှုအားပေး
ထို့နောက် လှည်းကူးမြို့နယ်ရှိ G&F (Myanmar) Garment Co., Ltd. အထည်ချုပ်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းစွာဖြင့် ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်