ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း


Ministry of Information/ Naypyitaw / August 12, 2022
image_latest


နေပြည်တော် ဩဂုတ် ၁၁

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ဆက်ကပ်လှူဒါန်း

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရှိ သီရိဓဇကျောင်းတိုက်သို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီး သရက်မြို့နယ်ရှိ မင်းတုန်းကျောင်းတိုက်သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မဟာဓမ္မပါလတိုင်းရင်းသား ဗုဒ္ဓသာသနာပြုသင်တန်းကျောင်း (နန်းဦးကျောင်းတိုက်) သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ ကျိုက်ဒေးယျုံ ကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်ရှိ မြို့ဦးစိန်တောင်ကျောင်းတိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်ရှိ ဓမ္မပါလ မဟာရွှေကျင်ကျောင်းတိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,