ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့်ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့်ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်


Ministry of Home Affairs/ နေပြည်တော် / May 30, 2023
ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့်ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်


နေပြည်တော် မေ ၃၀

      ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန်ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့်ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။   

      ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဉာဏဂုဏ်ရည်ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ မဟာစကြာစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဓမ္မစေတီထေရဝါဒပရိယတ္တိစာသင်တိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဓမ္မာလင်္ကာရကျောင်းတိုက်၊ ရန်ကင်းမြို့နယ်ရှိ ကျောက်ကုန်းကျောင်းကြီးကျောင်းတိုက်နှင့် ရွှေပြည်သာမြို့နယ်ရှိ ရွှေပြည်သာပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ယန်းကုန်းကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ ပါရမီဓမ္မရိပ်သာကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ဥသျှစ်ကုန်းပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကျောင်းကြီးကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်နှင့် လားရှိုးမြို့နယ်ရှိ တာပုံကျောင်းတိုက် တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။ 

HOT NEWS
January 4,