ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား သင်တန်းသူများ နေပြည်တော် MRTV တွင် လေ့လာ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား သင်တန်းသူများ နေပြည်တော် MRTV တွင် လေ့လာ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 04, 2024
image_latest


နေပြည်တော် မေ ၃

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၄) မှ သင်တန်းသား သင်တန်းသူ ၃၀ နှင့် ကြီးကြပ်သူနှစ်ဦးတို့သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့တွင် လေ့လာကြသည်။

ဦးစွာ ပင်မအဆောက်အအုံရှိ Auditorium ခန်းမတွင် “နုပျိုဆန်းသစ် (၇၈) နှစ်မှသည် ပြည်သူ့အတွက် MRTV” Video Clip ကို ပြသပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် လေ့လာရေးအဖွဲ့ များသည် News Channel Studio နှင့် Radio On Air ခန်းတို့ တွင် သတင်းရိုက်ကူးထုတ်လွှင့်မှုတို့ကို ကြည့်ရှုလေ့လာကြပြီး Office Canteen တွင် လေ့လာရေးအဖွဲ့များကို လက်ဖက်ရည်နှင့် မုန့်တို့ဖြင့် ဧည့်ခံ သည်။

ဆက်လက်၍ လေ့လာရေးအဖွဲ့များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှုပုံစံငယ်များ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံးအဆောင် ပစ္စည်းများစသည့် စုစုပေါင်း ပြခန်း ၄၀ တွင် ခင်းကျင်း ပြသထားမှုများကို လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားသည်။

ယင်းနောက် လေ့လာရေးအဖွဲ့များ၏ မှတ်သားဖွယ်ရာအဖြေလွှာများ၌ ဖြည့်စွက်မှုများအား စိစစ်၍ ပြည့်စုံစွာ ဖြေဆိုနိုင်သူ နှစ်ဦးအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

သတင်းစဉ်

HOT NEWS
January 4,