ဖယ်ခုံမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူနိုင်ရေး အခွင့်အလမ်းများပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

ဖယ်ခုံမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူနိုင်ရေး အခွင့်အလမ်းများပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး


Ministry of Home Affairs/ နေပြည်တော် / June 08, 2023


     အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသော NUG၊ CRPH နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတော်အစိုးရမှ ပညာရေးနောက်ကျမှုမရှိစေရန်အတွက် များမကြာမီကာလအတွင်း စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးနေမှုအပေါ် အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူနိုင်ရေး အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများဖြစ်ပေါ်လာစေရန် ပညာရေးဆိုင်ရာအဆောက်အဦများအား လက်နက်ကြီးများ၊ Drone ယာဉ်များအသုံးပြု၍ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်းများအပြင် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၃ ရက်နေ့ ည ၁၁ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း(၅)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား(စိစစ်ဆဲ)က အကြောင်းမဲ့မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါကျောင်းဝင်းအတွင်းရှိ အလျား ၂၁၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၂ ပေခန့်ရှိ အခန်း ၈ ခန်းပါ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ တစ်ထပ်ကျောင်းဆောင်တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါအထက်တန်းကျောင်းသည် ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကာ ဆရာ/ဆရာမ ၄၀ ဦး၊ ကျောင်းသား/ကျောင်းသူ ၁၀၅၈ ဦးတို့ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် စာသင်ကျောင်းဖြစ်ကြောင်း သိရသည်။

     အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပေးပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,