ဗန်းမော်မြို့နယ်အတွင်း တပ်မတော်မှ ရဟတ်ယာဉ်တစ်စင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် စက်ချွတ်ယွင်း၍ ပျက်ကျမှုဖြစ်စဉ်ဖြစ်ပွား

ဗန်းမော်မြို့နယ်အတွင်း တပ်မတော်မှ ရဟတ်ယာဉ်တစ်စင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် စက်ချွတ်ယွင်း၍ ပျက်ကျမှုဖြစ်စဉ်ဖြစ်ပွား


Ministry of Information/ Naypyitaw / May 21, 2025
image_latest


နေပြည်တော် မေ ၂၀

ယနေ့ မွန်းလွဲပိုင်းတွင် တပ်မတော်မှ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်များသည် ဗန်းမော်မြို့နယ်အတွင်းရှိ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များ ထမ်းဆောင်နေသည့် တပ်မတော်ရှေ့တန်းလုံခြုံရေးစခန်းများရှိ တပ်ဖွဲ့ဝင်များအတွက် လိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာထောက်ပံ့ပစ္စည်းများ သွားရောက်ပို့ဆောင်ခဲ့ပြီး ပြန်လည်ထွက်ခွာလာစဉ် ရဟတ်ယာဉ်တစ်စင်းသည် ဗန်းမော်မြို့၏ အနောက်တောင်ဘက်မီတာ ၁၄၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် ရုတ်တရက်စက်ချွတ်ယွင်းမှုဖြစ်ပွားကာ မတော်တဆပျက်ကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါရဟတ်ယာဉ်ပျက်ကျခဲ့မှုအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရဟတ်ယာဉ်ပျက်ကျသည့် နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးနှင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,