မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာအတွင်း ဝင်ရောက်ကာ ဒေသခံပြည်သူများအား အကြမ်းဖက်ခြိမ်းခြောက်၍ ငွေကြေးတောင်းခံမှုများ လုပ်ဆောင်

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာအတွင်း ဝင်ရောက်ကာ ဒေသခံပြည်သူများအား အကြမ်းဖက်ခြိမ်းခြောက်၍ ငွေကြေးတောင်းခံမှုများ လုပ်ဆောင်


Ministry of Home Affairs/ နေပြည်တော် / November 26, 2025


     နိုင်ငံရေးအစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားများသည် “ပြည်သူလူထု အကျိုးအတွက်” ဟု ခေါင်းစဉ်တပ်ကာ နိုင်ငံတော်အတွင်း အဖျက်အမှောင့်လုပ် ငန်းများ လုပ်ဆောင်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက် ငွေတောင်းခံခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အများပြည်သူ ထိခိုက်ဒဏ်ရာရရှိစေရန် မိုင်းထောင် ဖောက်ခွဲခြင်းများအား လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။ 

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ သနပ်ကုန်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦးခန့်က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့အဖွဲ့၏ လက်နက်ခဲယမ်းနှင့် အသုံး အဆောင်ပစ္စည်းများ ဝယ်ယူဖြည့်တင်းရန် အဆို ပါကျေးရွာမှ တစ်အိမ်ထောင်လျှင် ငွေ ၁၀,၀၀၀ ကျပ် နှုန်းဖြင့် ထောက်ပံ့ပေးဆောင်ရမည်ဖြစ်ကြောင်း အကြမ်းဖက်ခြိမ်းခြောက်ပြောဆို၍ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ 

     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား အကြမ်းဖက်ခြိမ်းခြောက်၍ ငွေကြေးတောင်းခံ မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,