မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာအတွင်း လက်နက်ငယ်များ၊ Drop Bomb များဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်၍ ကျောင်းသား၊ ကျောင်းသူ များအပါအဝင် ကျေးရွာနေ အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင် 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာအတွင်း လက်နက်ငယ်များ၊ Drop Bomb များဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်၍ ကျောင်းသား၊ ကျောင်းသူ များအပါအဝင် ကျေးရွာနေ အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင် 


Ministry of Home Affairs/ နေပြည်တော် / December 29, 2025


     လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက် ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် ကျောင်းသား၊ ကျောင်းသူများနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများကို အကြမ်းဖက်ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင် လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက် နံနက် ၈ နာရီ ၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ဝင်ဝကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်သမား အင်အား (စိစစ်ဆဲ)က လက်နက်ငယ်များ၊ Drone အသုံးပြု၍ Drop Bomb များဖြင့် ဆင်ခြင်တုံတရားမဲ့စွာ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်၍ အဆိုပါကျေးရွာတွင် အေးချမ်းစွာ နေထိုင်လျက်ရှိကြသည့် ကျောင်းသား၊  ကျောင်းသူ ၁၉ ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၄၄ ဦးတို့အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ 
     အထက်ပါဖြစ်စဉ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြမ်းဖက်ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,