မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အားကစားကွင်းအတွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွင်ပါဝင်သည့် အပြင်ပတ်လမ်း၊ အတွင်းပတ်လမ်း အုတ်ရေမြောင်းပြုလုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အားကစားကွင်းအတွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွင်ပါဝင်သည့် အပြင်ပတ်လမ်း၊ အတွင်းပတ်လမ်း အုတ်ရေမြောင်းပြုလုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

Ministry of Home Affairs/ နေပြည်တော် / April 25, 2026

     ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄ ရက် နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အားကစားကွင်း အတွင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေဖြင့် ခရိုင်အားကစားကွင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဖြစ်သည့် အားကစားကွင်း အပြင်ပတ်လမ်း၊ အတွင်းပတ်လမ်းအုတ်ရေမြောင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုနှင့် အားကစားကွင်း အတွင်း မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး  ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။