မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ခရိုင်စုပေါင်းရုံးခန်းမ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ခရိုင်စုပေါင်းရုံးခန်းမ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

Ministry of Home Affairs/ နေပြည်တော် / April 29, 2026

     ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၈ ရက် နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ခရိုင်စုပေါင်းရုံးခန်းမ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဒေသန္တရ စီမံကိန်းရည်မှန်းချက် တာဝန်များအား မြို့နယ်များထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။