မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ပြည်တော်အေးရပ်ကွက်၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ပြည်တော်အေးရပ်ကွက်၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု
Ministry of Home Affairs/ နေပြည်တော် / May 12, 2026
၂၀၂၆ ခုနှစ်၊ မေ ၁၁ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ပြည်တော်အေးရပ်ကွက်၌ လုံးပတ် ၇ ပေ၊ အမြင့် ၄၅ ပေခန့်ရှိ စိန်ပန်း ပင်သည် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် သရက်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီး သတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၆ နာရီ ၂၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။
