မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကံကောက်ကျေးရွာ၌ မော်တော်ယာဉ် တစ်စီး မီးလောင်မှု
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကံကောက်ကျေးရွာ၌ မော်တော်ယာဉ် တစ်စီး မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / March 09, 2026
၂၀၂၆ ခုနှစ်၊ မတ် ၇ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကံကောက်ကျေးရွာ၌ ယာဉ်မောင်း ဦးကျော်ဇေယျာဦး(၅၂)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် MDY-13/BB-XXXX TOYOTA MARK II အမျိုးအစား မော်တော်ယာဉ်၏ နောက်ဘီး လမ်းချိုင့်ခွက်ထဲကျ၍ လမ်းနှင့် ကားဆီတိုင်ကီ ပွတ် တိုက်မှုဖြစ်ပြီး ဆီတိုင်ကီ ပွင့်ထွက်သွားရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၂၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် မော်တော်ယာဉ်၏ ဆိုဖာထိုင်ခုံ နှစ်လုံး၊ တာယာ နှစ်လုံးနှင့် ဆီတိုင်ကီ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဦးကျော်ဇေယျာဦး အား ပုသိမ်ကြီးမြို့ မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
