မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့် အမရပူရမြို့နယ်တို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့် အမရပူရမြို့နယ်တို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / April 24, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့် အမရပူရမြို့နယ်တို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ငါးရံ့ချောင်းကျေးရွာရှိ “ကောင်းစံ” အကင်ဆိုင်၌ လောင်းကစားပြု လုပ်နေကြောင်း သတင်းအရ ပြင်ဦးလွင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဆိုင်အတွင်း၌ ဒေါ်ခင်ထွေးရီ(၃၆)နှစ်အား နှစ်လုံး၊ ချဲထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ပြင်ဦးလွင်မြို့မရဲစခန်း (ပ)၇၉/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း။
အလားတူ ညနေ ၄ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ မြစ်ငယ်ရပ်ကွက်၊ ၁၄၂ လမ်းနှင့် ၁၄၃ လမ်းကြား၌ ပုံဝိုင်းလောင်း က စားပြုလုပ်နေကြောင်း သတင်းအရ အမရပူရခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ အောင်မျိုးထွန်း (ခ)ဖိုးသား(၂၃)နှစ်၊ ဆန်းလွင်(၄၃)နှစ်၊ တင်စိုး(၃၉)နှစ်၊ ဒေါ်ဝါဝါနိုင်(ခ)ပေါက်စီ(၃၇)နှစ်၊ ဒေါ်ယဉ်ယဉ်မြ(ခ)ဖြူချော(၄၃)နှစ်၊ မခင်နှင်းဝေ(၂၆)နှစ်၊ အမရပူရမြို့နယ်၊ မုံပုလဲကျေးရွာနေ မရွက်နုထွန်း(၂၅)နှစ်နှင့် မင်းကျေးရွာနေ ဒေါ်မိုးမိုးလေး(ခ)နွေဦး (၃၂)နှစ်တို့ ရှစ်ဦးအား ပုံဝိုင်းလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်မျိုးထွန်း(ခ)ဖိုးသားပါ ရှစ်ဦးအား မြစ်ငယ်နယ်မြေရဲစခန်း (ပ)၄၇/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
