မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၌ နေအိမ် မီးလောင်မှု

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၌ နေအိမ် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / March 28, 2026


      ၂၀၂၆ ခုနှစ်၊ မတ် ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၅၈ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၌ ဒေါ်ရီဌေး(၆၅)နှစ်၏ ၂၅ x ၂၀ ပေ၊ သွပ်မိုး၊ နံကပ်၊ ထရံကာ၊ အထပ်သားခင်း နှစ်ထပ် နေအိမ်အပေါ်ထပ်တွင် အင်ဗာတာ အပူလွန်ကဲရာမှတစ်ဆင့် ရှော့ဖြစ်ပြီး အနီးရှိ ထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၀ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၈ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါ မီးလောင်မှုကြောင့် ၂၅ x ၂၀ ပေ၊ သွပ်မိုး၊ နံကပ်၊ ထရံကာ၊ အထပ်သားခင်း နှစ်ထပ် နေအိမ်၏အပေါ်ထပ်၊  ၂၀ x ၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ အထပ်သားခင်း နှစ်ထပ် နေအိမ်၏အပေါ်ထပ်၊ စုစုပေါင်း နေအိမ် နှစ်လုံး၏ အပေါ်ထပ်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဒေါ်ရီဌေး အား ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။