မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ဆိုင်ကယ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦးနှင့် ကလေး တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ဆိုင်ကယ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦးနှင့် ကလေး တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / March 28, 2026


      ၂၀၂၆ ခုနှစ်၊ မတ် ၂၆ ရက်က မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ဆိုင်ကယ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦးနှင့် ကလေး တစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
      ဖြစ်စဉ်မှာ မတ် ၂၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရမည်းသင်း-ရွာတန်းသွားလမ်း နွားပွဲဈေးရှေ့၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရမည်းသင်း-ရွာတန်းသွား လမ်းအတိုင်း အရှေ့မှအနောက်သို့ ပျော်ဘွယ်မြို့နယ်၊ မကျီးပင်ကျေးရွာနေ ဦးနေအောင်(၃၅)နှစ် မောင်းနှင်လာသည့် ၄၉ယ-XXXX DAYANG 110 ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ လမ်းဝဲဘက်သို့ ချိုးကွေ့ခဲ့ရာ မျက်နှာချင်းဆိုင်မှ ရမည်းသင်းမြို့နယ်၊ ရွှေဒါးသာစည်ကျေးရွာနေ ဒေါ်သူဇာဝင်း(၃၇)နှစ် မောင်းနှင်ပြီး မကြယ်စင်သွန်းခ(၉)နှစ်တို့ လိုက်ပါလာသည့် HONDA WAVE 100 ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးနေအောင်နှင့် မကြယ်စင်သွန်းခတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် နေအောင် အား ရမည်းသင်းမြို့မရဲစခန်း ယာဉ်(ပ)၁၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။