မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်တွင် အဆောက်အအုံ မီးလောင်မှု

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်တွင် အဆောက်အအုံ မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / April 25, 2026


     ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄ ရက် နံနက် ၁ နာရီ ၂၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်၊ မြို့မရပ်ကွက်ရှိ ပိုင်ရှင် ဦးထွန်းကို(၅၉)နှစ်၏ ၄၀ x ၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ် ပစ္စည်းအဟောင်းများထားသော အဆောက်အအုံတွင် CNC အမျိုးအစား သစ်သားကြိုးထိုးစက်ဖြင့် ချိတ်ဆက်အသုံးပြုသော မိန်းပလက်ခုံအပူလွန်ကဲရာမှ အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ငါးစီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၅၀ မိနစ် တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါမီးလောင်မှုကြောင့် ၄၀ x ၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်တစ်ထပ် ပစ္စည်းအဟောင်း များထားသော အဆောက်အအုံ တစ်လုံး၊ CNC အမျိုးအစား သစ်သားကြိုးထိုးစက် တစ် လုံး၊ DOGU အမျိုးအစား နိုင်ငံခြားခွေး သုံးကောင်(သေဆုံး) မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးထွန်းကိုအား ပုသိမ်ကြီးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။