မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု

Ministry of Home Affairs/ နေပြည်တော် / May 31, 2026

     ၂၀၂၆ ခုနှစ်၊ မေ ၃၀ ရက် မွန်းလွဲ ၃ နာရီ ၃၅ မိနစ်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် အတွင်း မိုးရွာသွန်းမှုကြောင့် အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်းရှိ  လုံးပတ် လေးပေခန့်၊ အမြင့် ၅၀ ပေခန့်ရှိ မန်ကျည်းပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သတင်း ရရှိသဖြင့် မြင်းခြံမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၅၅ မိနစ်တွင် လုပ်ငန်းဆောင်ရွက် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသတင်းရရှိပါသည်။