မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၌ နေအိမ် မီးလောင်မှု

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၌ နေအိမ် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / June 02, 2026


     ၂၀၂၆ ခုနှစ်၊ ဇွန် ၁ ရက် နံနက် ၀၀ နာရီ ၅၂ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၌ ပိုင်ရှင် ဦးစိုးသာ(၃၂)နှစ်၏ ၂၄ x ၃၂ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ် နေအိမ်တွင် လျှပ်စစ်မီတာဘောက်မှ နေအိမ်အတွင်းရှိ မိန်းခုံသို့ သွယ်တန်းထားသော လျှပ်စစ်ဝိုင်ယာကြိုး အပူလွန်ကဲရာမှ အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြင်းခြံခရိုင်၊ မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၉ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၂၄ x ၃၂ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ မြေစိုက် တစ်ထပ် နေအိမ် လေးလုံး၊ ၃၂ x ၃၂ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် နှစ်လုံး၊ ၂၄ x၂၄ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် နေအိမ် နှစ်လုံး၊  ၄၀ x ၃၂ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ မြေစိုက် နေအိမ် တစ်လုံး၊ ၂၄ x ၂၄ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် တစ်လုံး၊ ၃၂ x ၃၂ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် နေအိမ် နှစ်လုံး၊ ၃၂ x ၂၄ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် နှစ်လုံး၊ စုစုပေါင်း နေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဦးစိုးသာ အား မြင်းခြံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။