မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရေငံကျေးရွာအုပ်စု၊ ရွှေပေါ်ကျွန်းကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် အမျိုးသမီး ၁ ဦးဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရေငံကျေးရွာအုပ်စု၊ ရွှေပေါ်ကျွန်းကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် အမျိုးသမီး ၁ ဦးဖမ်းဆီးရမိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 24, 2022
image_latest


နေပြည်တော် စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရေငံကျေးရွာအုပ်စု၊ ရွှေပေါ်ကျွန်း ကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများရောက်ရှိနေကြောင်း အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

အဆိုပါ နေရာသို့ စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးစဉ် ရွှေပေါ်ကျွန်းကျေးရွာ ကိုင်းတောစပ်သို့အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက် ခိုက်ခဲ့သဖြင့် အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမားများ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းနေရာရှိ တံတားအောက် ရေမြောင်းထဲ၌ PDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦးအား ကျည်ထိမှန် ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ အမျိုးသမီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော် ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့်  PDF အမည်ခံအကြမ်းဖက် သမားများ ဆုတ်ခွာ ထွက်ပြေးရာနောက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်ကြပ်လိုက် ချေမှုန်းလျက်ရှိကြောင်း သတင်းရရှိသည်။