မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးကျေးရွာအနီး၊ မန္တလေး-ဗန်းမော် ကားလမ်း မိုင်တိုင်အမှတ် ၇/၀ နှင့် ၇/၁ ကြားတွင် ယာဉ်တိမ်းမှောက်မှု

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးကျေးရွာအနီး၊ မန္တလေး-ဗန်းမော် ကားလမ်း မိုင်တိုင်အမှတ် ၇/၀ နှင့် ၇/၁ ကြားတွင် ယာဉ်တိမ်းမှောက်မှု


Ministry of Home Affairs/ နေပြည်တော် / October 03, 2023


     မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးကျေးရွာအနီး၊ မန္တလေး-ဗန်းမော် ကားလမ်း မိုင်တိုင်အမှတ် ၇/၀ နှင့် ၇/၁ ကြားတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နေ့လည် ၂ နာရီ ၄၅ မိနစ်ခန့်က မန္တလေးမှ အင်းတော်(စိန်ရတီဆီဆိုင်)သို့ ယာဉ်မောင်း ဦးကျော်ထူး မောင်းနှင်လာသော MDY-12 5B/XXXX HINO အမျိုးအစား ရှစ်ဘီး ဆီဘောက်ဆာ ဖြူ/ပြာရောင်ယာဉ်သည် မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးယာဘက်ခြမ်းသို့ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သပိတ်ကျင်းမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ည ၇ နာရီ ၄၅ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။

     အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း အမျိုးသား တစ်ဦး (သေဆုံး)နှင့် ယာဉ် နောက်လိုက် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) တို့အား သပိတ်ကျင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်အားပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်း ဦးကျော်ထူး(သေဆုံး)အား သပိတ်ကျင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,