မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ အကွက် (၁၆၁)၊ ၈၃ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားတွင် BLACK PANTHER ဖုန်းကာဗာနှင့် ဖုန်းမှန်မကွဲဆိုင် မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ အကွက် (၁၆၁)၊ ၈၃ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားတွင် BLACK PANTHER ဖုန်းကာဗာနှင့် ဖုန်းမှန်မကွဲဆိုင် မီးလောင်မှုဖြစ်ပွား


Ministry of Home Affairs/ နေပြည်တော် / February 13, 2024


     ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက် နံနက် ၁ နာရီ ၃၇ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ အကွက်(၁၆၁)၊ ၈၃ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားရှိ ဆိုင်ပိုင်ရှင် ဦးမိုးဇော်လတ်၏ (၂၀x၄၀)ပေ၊ RC(၆)ထပ် BLACK PANTHER ဖုန်းကာဗာနှင့် ဖုန်းမှန်မကွဲဆိုင်အတွင် ဖုန်းကာဗာနှင့်ဖုန်းမှန်မကွဲများ သိုလှောင်ထားသော ပထမထပ်အခန်းရှိ ဂျပ်ဖာပုံးများပေါ်တွင် ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး ဂျပ်ဖာပုံးများအား မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၅၄ စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ  ၂၁ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် (၂၀x၄၀) ပေ၊ RC (၆) ထပ် အဆောက်အအုံ တစ်လုံး၊ Click ဆိုင်ကယ် တစ်စီး၊ ဖုန်းကာဗာနှင့် ဖုန်းမှန်မကွဲများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆိုင်မန်နေဂျာ ဦးအာကာ (ခ) ဦးကျော်ဖြိုးဟန်အား အမှတ်(၅)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။