မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တို့၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူများအား ဖမ်းဆီးအရေးယူ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တို့၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ Nay Pyi Taw / July 01, 2025


     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၈ ရက်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တို့၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇွန် ၂၈ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သံလျက်မှော်တောင်ရပ်ကွက် ကန်တော်ကြီးပတ်လမ်း၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မြို့တွင်းဘက်မှ စစ်ကိုင်းမြို့ဘက်သို့ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်နေ ချမ်းငြိမ်းကို(ခ)ကိုချစ် (၄၀)နှစ် မောင်းနှင်သည့် MDY-14/8L-XXXX HIJET မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ပလတ် စတစ်ပုံးများဖြင့် ထည့်ထားသည့် ပရီမီယမ်ဒီဇယ် ၃၄၀ ဂါလန်ခန့်အား အထောက်အထားမဲ့ တရားမဝင် သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ချမ်းငြိမ်းကို(ခ)ကိုချစ် အား ချမ်းမြသာစည်မြို့မရဲစခန်း၌လည်းကောင်း။ 

     အလားတူ ဇွန် ၂၈ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ စက်မှု(၁)လမ်းအရောက်၌ ဆီဘောက်ဆာမော်တော်ယာဉ် နှစ်စီး ရပ်တန့်ထားသည်ကို တွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ မှော်ဘီမြို့နယ်၊ လိပ္ပုတ်ကျေးရွာနေ စိုးကို(၃၀)နှစ် မောင်းနှင်လာသည့် BGO-11/5R-XXXX FOTON ဆီဘောက်ဆာ မော်တော် ယာဉ်ပေါ်မှ ဒီဇယ်ဆီ ၅၀၀၀ လီတာနှင့် မင်္ဂလာဒုံမြို့နယ်၊ ကြူစမ်းကျေးရွာနေ စိုင်းမင်းသူ(၃၄)နှစ် မောင်းနှင်သည့် YGN-8/5C-XXXX NISSAN ဆီဘောက်ဆာမော်တော် ယာဉ်ပေါ်မှ ဒီဇယ်ဆီ ၅၀၀၀ လီတာတို့အား အထောက်အထားမဲ့ တရားမဝင် သယ်ဆောင်လာသည်ကို တွေ့ရှိရသဖြင့် စိုးကိုနှင့် စိုင်းမင်းသူတို့ နှစ်ဦးအား မှော်ဘီမြို့မရဲစခန်း၌လည်းကောင်း ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။