မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး ၁ ဦး သေဆုံး
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး ၁ ဦး သေဆုံး
Ministry of Home Affairs/ Naypyitaw / September 04, 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၃ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းနှင့် မြဝတီမင်းကြီးလမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မြဝတီမင်းကြီးလမ်းအတိုင်း အရှေ့မှ အနောက်သို့ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ထုံးဘိုကျေးရွာနေ ဖုန်းမြင့်ကျော်(၂၉)နှစ် မောင်းနှင်လာသည့် 1R-XXXX DONGFANG မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ ပြည်ကြီးတံခွန် မြို့နယ်၊ (က)ရပ်ကွက်နေ ဒေါ်တင်တင်နွယ်(၅၃)နှစ် မောင်းနှင်သည့် 60W-XXXX Miss 110 ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ရာ ဒေါ်တင်တင်နွယ်တွင် ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့သဖြင့် ဖုန်းမြင့်ကျော် အား ပြည်ကြီးတံခွန်မြို့မရဲစခန်း ယာဉ်(ပ)၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။