မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိ၍ အမျိုးသား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိ၍ အမျိုးသား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / October 18, 2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်က မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိ၍ အမျိုး သား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-မလှိုင်ကားလမ်း မိုင်တိုင်အမှတ် ၈ မိုင် ၀ ဖာလုံနှင့် ၁ ဖာလုံကြား၌ ယာဉ်တိုက်မှု ဖြစ် ပွားကြောင်းသတင်းအရ အမှတ်(၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မိတ္ထီလာမြို့နယ်၊ အုပ်ကျင်း ကျေးရွာနေ အာကာကျော်(၂၆)နှစ်မောင်းနှင်ပြီး သဲတောလေး ကျေးရွာနေ ထူးနေအုပ်(၁၇)နှစ်နှင့် ထမုံကန်ကျေးရွာနေ ဖိုးသား(၁၇)နှစ်တို့လိုက်ပါလာသည့် YGN-17 8B-XXXX TOWNACE ယာဉ်သည် မိတ္ထီလာ-မလှိုင်ကားလမ်းအတိုင်း မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ မိတ္ထီလာမြို့ နယ်၊ ရေချိုကျေးရွာနေ ဦးတင်ထွန်းအောင်(၄၅)နှစ် မောင်းနှင်လာသည့် SHN-XXXX HONDA 110 ဆိုင်ကယ်အား ဝင်ရောက် တိုက်မိခဲ့သဖြင့် ဦးတင်ထွန်းအောင်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အာကာကျော်၊ ထူးနေအုပ်နှင့် ဖိုးသားတို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့် အာကာကျော်အား မိတ္ထီလာမြို့မရဲစခန်း ယာဉ်(ပ)၁၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
