မဟာဝိဇ္ဇာ(ယဉ်ကျေးမှုအမွေအနှစ်ပညာ)နှင့် မဟာဝိဇ္ဇာ(ပြတိုက်ပညာ) သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းစည်းဝေး

မဟာဝိဇ္ဇာ(ယဉ်ကျေးမှုအမွေအနှစ်ပညာ)နှင့် မဟာဝိဇ္ဇာ(ပြတိုက်ပညာ) သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းစည်းဝေး


Ministry of Information/ Naypyitaw / January 16, 2024
image_latest


ရန်ကုန် ဇန်နဝါရီ ၁၅

မဟာဝိဇ္ဇာ(ယဉ်ကျေးမှု အမွေအနှစ်ပညာ)နှင့် မဟာဝိဇ္ဇာ(ပြတိုက်ပညာ) သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၌ ကျင်းပသည်။

အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ယခုအခါ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာနတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်ကာ သင်တန်းကာလလေးနှစ်ဖြင့် ဝိဇ္ဇာဘွဲ့အပ်နှင်းမည့် သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဘာသာရပ်အလိုက် ထူးချွန်သည့် ကျောင်းသား ကျောင်းသူများမဟာဝိဇ္ဇာဘွဲ့ ဆက်လက်တက်ရောက်နိုင်ရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ မဟာဝိဇ္ဇာတန်းများတွင် သင်ကြားမည့်သင်ရိုးပြဋ္ဌာန်း စာအုပ်များရရှိရေး၊ ခိုင်မာသည့် သင်ရိုးများရေးဆွဲ၍ သင်ကြားမည့် ဆရာ ဆရာမများ ရွေးချယ်သင်ကြားစေရေးကို သက်ဆိုင်ရာတာဝန်ရှိသူများ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ်က အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၌ မဟာဝိဇ္ဇာ(ယဉ်ကျေးမှုအမွေ အနှစ်ပညာ)နှင့် မဟာဝိဇ္ဇာ(ပြတိုက်ပညာ) သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းဖြည့်စွက်ဆွေးနွေးကြကာ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

ကြည့်ရှုစစ်ဆေး

အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီးသည် ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာနသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ စာသင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်