မိုင်းပန်မြို့နယ် မိုင်းပဲ - လုံကြိမ်လမ်းအား မြေသားလမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင်

မိုင်းပန်မြို့နယ် မိုင်းပဲ - လုံကြိမ်လမ်းအား မြေသားလမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင်


Ministry of Cooperatives and Rural Development/ Naypyitaw / January 20, 2025
image_latest


မိုင်းပန် ဇန်နဝါရီ ၁၈

            ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်ကွပ်ကဲမှုအောက်ရှိ မိုင်းပန်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြု ရန်ပုံငွေဖြင့် မိုင်းပဲ-လုံကြိမ် မြေသားလမ်းကို ကတ္တရာလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

            အဆိုပါ မိုင်းပန်မြို့နယ် မိုင်းပဲ-လုံကြိမ် မြေသားလမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၁၅၇ ဒသမ ၇၁ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး၏ ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး အဆိုပါလမ်းပြီးစီးပါက ကျေးရွာ နှစ်ရွာရှိ အိမ်ခြေ ၈၈ အိမ်၊ လူဦးရေ ၃၅၀ ကို အကျိုးပြုမည်ဖြစ်သည်။

            မိုင်းပဲ-လုံကြိမ် လမ်းအရှည် ၃ ဒသမ ၇၅ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ၁၅ လက်မရှိ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဇန်နဝါရီ ၁၇ ရက်တွင် ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး( မြို့ပြ) ဒေါ်ဆွေဆွေနွယ် နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများကို သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေး၊ အရည်အသွေးပြည့်ဝစေရေး မှာကြား ခဲ့ကြောင်း သိရသည်။

၂၂၂