မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ


The Supreme Court of the Union/ Nay Pyi Taw, / June 02, 2023


နေပြည်တော်၊ ဇွန် ၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၈:၀၀) နာရီက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အနောက်တောင်ဘက်ရှိမြေလွတ်နေရာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်ပြီး ကျွန်းပင်စိုက်ပျိုးပေးခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများက တက်ရောက်ကြပြီး သတ်မှတ်နေရာများ၌ ရတနာတန်းဝင်အပင်များနှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးကြသည်။

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများက အခမ်းအနားသို့ တက်ရောက်လာကြသူများ တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ယခုနှစ်တွင် ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ ကုက္ကိုပင်၊ မဟော်ဂနီပင်၊ ခရေပင်၊ ကံ့ကော်ပင်၊ စိန်ပန်းပင်၊ ရေတမာပင်၊ ပိတောက်ပင်၊ ယူကလစ်ပင် စုစုပေါင်း (၃၄၄) ပင် စိုက်ပျိုးခဲ့ကြသည်။