မုန်တိုင်းသင့်ဒေသများတွင် ပြန်လည်ထူရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
မုန်တိုင်းသင့်ဒေသများတွင် ပြန်လည်ထူရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
Ministry of Information/ Naypyitaw / June 02, 2023

နေပြည်တော် ဇွန် ၂
မုန်တိုင်းသင့်ဒေသများတွင် ပြန်လည်ထူရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရွှေလီဧည့်ခန်းမဆောင်၌ ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ နယ်မြေခံတပ်မတော်သားများနှင့်မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသား စေတနာရှင်အလှူရှင်များ၊ လုပ်ငန်းရှင်များက လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၃၅၁၉ သိန်း ၆ သောင်း နှင့် ထောက်ပံ့ပစ္စည်းများဖြစ်သည့် အကာကွယ်ဝတ်စုံ၊ ခွဲစိတ်သုံးဝတ်စုံ၊ ဆေးရုံသုံးဦးထုပ် စသည့်ပစ္စည်း(၁၆)မျိုးတို့ကို ပေးအပ်လှူဒါန်းကြရာ တိုင်းမှူးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။