မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးတပ်ယာဉ်များအား အသိပေးကြေညာချက်

မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးတပ်ယာဉ်များအား အသိပေးကြေညာချက်


Ministry of Home Affairs/ နေပြည်တော် / November 26, 2025


     မော်တော်ယာဉ်များတွင် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာမှ ထုတ်ပေးသည့် မော်တော်ယာဉ်နံပါတ်ပြားမဟုတ်ဘဲ အခြားနံပါတ်ပြားတပ်ဆင်ခြင်း၊ မူလနံပါတ်ပြားကို အလှဆင် ပြုပြင်ထားသည့် နံပါတ်ပြားများ တပ်ဆင်ခြင်း၊ အလှဆင်နံပါတ်ပြားများ တပ်ဆင်ခြင်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးတပ်ယာဉ်များတွင် အသံပိုမိုကျယ်လောင်စေရန် ကိရိယာများ ပြောင်းလဲတပ်ဆင်ခြင်း၊ အသံထိန်းကိရိယာဖြုတ်၍ မောင်းနှင်ခြင်း၊ ဆူညံသံဖြစ်ပေါ်စေသည့် ကိရိယာတပ်ဆင် အသုံးမပြုကြရန်နှင့် တပ်ဆင်အသုံးပြုသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးတပ်ယာဉ်များအား ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

HOT NEWS
January 4,