မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများ

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများ


Ministry of Information/ Naypyitaw / December 26, 2023
image_latest


မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုသည် ယဉ်သည်၊ လှသည်၊ ရိုးရှင်းသည်၊ ကျက်သရေရှိ၍ ကမ္ဘာကပင် လေးစားအားကျ ဂုဏ်ယူလောက်သည့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ ဖြစ်ပေသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ရှမ်း စသည့် တိုင်းရင်းသားများတွင်လည်း သူတို့ဓလေ့ယဉ်ကျေးမှုများနှင့် ကိုယ်ပိုင်ဝတ်စား ဆင်ယင်မှုရှိကြသည်။

မျက်မှောက်ခေတ် မြန်မာအမျိုးသား၊ အမျိုးသမီးများသည် ပျူခေတ်၊ ပုဂံခေတ်များနှင့်မတူဘဲ တိုက်ပုံအင်္ကျီ၊ ပုဆိုးနှင့် ရင်ဖုံးအင်္ကျီ၊ ထဘီကိုဝတ်ဆင်ကာ ရိုးရိုးယဉ်ယဉ်လေး ဝတ်စားဆင်ယင်နေထိုင်ကြပြီး ဘုရားသွားကျောင်းတက်၊ အလှူမင်္ဂလာပွဲလမ်းသဘင်များတွင် လည်း မြန်မာဝတ်စုံများဖြင့် ကျက်သရေရှိရှိ ဝတ်ဆင်လာကြသူများ ဖြစ်ကြသည်။ ဤကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှုများနှင့် ထုံမွမ်းနေသည့် ဝတ်စားဆင်ယင်မှုများသည် မြန်မာလူမျိုးများ၏ လူနေမှုအကျင့်စရိုက် လက္ခဏာများကို ဖော်ကျူးပြသနေသော သမိုင်းအစဉ်အလာ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်ခြင်းကြောင့် တန်ဖိုးထားပြီး မပျောက်မပျက် မတိမ်ကောရလေအောင် ယနေ့‌ခေတ် မောင်၊ မယ်များက ဆက်လက်ထိန်းသိမ်းရပေဦးမည်။

ဇေယျာထက်(မင်းဘူး)

HOT NEWS
January 4,