မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ စာအုပ်များလှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ စာအုပ်များလှူဒါန်း


Ministry of Information/ Naypyitaw / April 27, 2024
image_latest


နေပြည်တော် ဧပြီ ၂၆

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ စာအုပ်များလှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ Orientation ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Dr. Md. Monwar Hossain၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးက အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ စာအုပ်များလှူဒါန်းရသည့်အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှု၊ အနုပညာ၊ စာပေ၊ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ စာအုပ်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လတ်တလောဖွံ့ဖြိုးတိုးတက်မှုခရီးစဉ်ဆိုင်ရာ စာအုပ်များကိုလှူဒါန်းရာ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးက စာအုပ်များ လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,