မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထား စီးနင်းသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထား စီးနင်းသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / January 30, 2026


     ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်ရပ်ကွက်၊ မြို့ဝင်ဘီးခွန်ကောက်ခံရေးဂိတ်အနီး၌ သံဖြူဇရပ်မြို့ မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မုဒုံမြို့မှ သံဖြူဇရပ်မြို့ဘက်သို့ ရေးမြို့နယ်၊ လမိုင်းမြို့၊ မော့ကနင်ကျေးရွာနေ ရဲရင့်ကျော်(၂၈) နှစ် မောင်းနှင်လာသော MON/85W-XXXX HONDA CLICK 160 မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ဆိုင်ကယ်နှင့်ပတ်သက်သည့် အ ထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရဲရင့်ကျော် အား သံဖြူဇရပ်မြို့မရဲစခန်း (ပ) ၁၅/၂၀၂၆၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။

     အလားတူ မွန်းလွဲ ၄ နာရီ ၄၅ မိနစ်တွင် ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ ရွှေသံလွင် တိုးဂိတ်ဟောင်း လုံခြုံရေးရဲကင်းတွင် ကျိုက်ထိုခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သထုံမြို့မှ ဘီးလင်းမြို့ဘက်သို့ ဒိုက်ဦးမြို့နယ်၊ ကြာအင်းကျေးရွာနေ ဝင်းနိုင်ဦး(၄၆)နှစ် မောင်းနှင်လာသော KYN/12W-XXXX HONDA WAVE 110 မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ  အဆိုပါမော်တော်ဆိုင်ကယ်နှင့်ပတ်သက်သည့် အထောက် အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဝင်းနိုင်ဦး အား ဘီးလင်းမြို့မရဲစခန်း (ပ)၂၉/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။