မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးအပ်ခြင်း အခမ်းအနား ကျင်းပ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးအပ်ခြင်း အခမ်းအနား ကျင်းပ
Ministry of Home Affairs/ နေပြည်တော် / April 25, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄ ရက် နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ပြည်သူ့ ဆေးရုံကြီး၌ ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ဆန်၊ ဆီ ထောက်ပံ့မှုပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။