ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ


Ministry of Information/ Naypyitaw / September 27, 2023
image_latest


နေပြည်တော် စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို စက်တင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဝိတ်တန်းအလိုက် အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များအတွက် ဂုဏ်ပြုဆုများ၊ ဝိတ်တန်းအလိုက် ဆုရရှိကြသူများ၊ အသင်းလိုက်ဆုများနှင့် ဒိုင်းဆုရရှိသော အင်းတိုင်တပ်နယ် ကိုယ်စားပြုအသင်းအား တိုင်းမှူးနှင့် တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ တိုင်းမှူးဒိုင်းလက်ဝှေ့ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ငါးသင်းဖြင့် စက်တင်ဘာ ၁၈ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။                               

 သတင်းစဉ်

HOT NEWS
January 4,