ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ လေးထောင့်ကန်လမ်းမပေါ်၌ မော်တော်ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ လေးထောင့်ကန်လမ်းမပေါ်၌ မော်တော်ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်


Ministry of Home Affairs/ နေပြည်တော် / October 01, 2025


     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက် နံနက် ၆ နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊  တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ လေးထောင့်ကန်လမ်းမပေါ်၌ ရွှေပိတောက်ငါးဈေးမှ လေးထောင်ကန်ဘက်သို့ ယာဉ်မောင်း ဦးရှိုင်းအောင်(၃၂)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် YGN-12/5A-XXXX CANTER အမျိုးအစား ခြောက်ဘီးမော်တော်ယာဉ်သည် သံလမ်းမှတ်တိုင် အနီးတွင် လမ်းဖြတ်ကူးသူအား ရှောင်တိမ်းရာမှ လမ်းဘေး၌ ရပ်ထားသော ယာဉ်အမှတ် YGN-39/ 9I-XXXX BELTA အမျိုးအစား မော်တော်ယာဉ်အား ဝင်တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့မှုကြောင့် ယာဉ်ခေါင်းခန်းအတွင်း အမျိုးသမီး တစ်ဦး ညပ်နေကြောင်း သတင်းရရှိသဖြင့် တာမွေ မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၆ နာရီ ၃၂ မိနစ်တွင် ပြီးစီးခဲ့ပါသည်။ 

     အဆိုပါဖြစ်စဉ်ကြောင့် YGN-12/5A-XXXX CANTER အမျိုးအစား ခြောက်ဘီး ယာဉ်ပေါ်ပါ ယာဉ်မောင်း အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးအနက် ယာဉ်ခေါင်းခန်းအတွင်း ညပ်နေသူ ဒေါ်ဝေ(၅၆)နှစ် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယာဉ်မောင်း ဦးရှိုင်းအောင် အား တာမွေမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,