ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူအား တိုက်မိပြီး အခြားယာဉ် နှစ်စီးအား ထပ်မံတိုက်မိခဲ့သဖြင့် အမျိုးသား တစ်ဦး သေဆုံး
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူအား တိုက်မိပြီး အခြားယာဉ် နှစ်စီးအား ထပ်မံတိုက်မိခဲ့သဖြင့် အမျိုးသား တစ်ဦး သေဆုံး
Ministry of Home Affairs/ နေပြည်တော် / December 29, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူအား တိုက်မိပြီး အခြားယာဉ် နှစ်စီးအား ထပ်မံတိုက်မိခဲ့သဖြင့် အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဝေဇယန္တာလမ်း၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ လမ်းအတိုင်း မြောက်မှ တောင်သို့ သန်လျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက်နေ ပြည့်စော (၃၇)နှစ် မောင်းနှင်လာသည့် BGO-27/7S-XXXX DONGFENG SKY EV မော်တော်ယာဉ်သည် အခင်းဖြစ် နေရာအရောက်၌ လမ်းဖြတ်ကူးသူ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၈)ရပ်ကွက်နေ ကိုကောင်းထက်သူ (၂၈)နှစ်အား ဝင်ရောက်တိုက်မိပြီး ၎င်းရှေ့ရှိ MDY-15/BB-XXXX PROBOX ယာဉ်နှင့် YGN-40/BB-XXXX CALDINA ယာဉ်တို့အား ထပ်မံဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်တိုက်မှုကြောင့် ကိုကောင်းထက်သူတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် ပြည့်စော အား တောင်ဥက္ကလာပမြို့မရဲစခန်း ယာဉ်(ပ)၁၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
