ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၌ အထည်ဆိုင် မီးလောင်မှု
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၌ အထည်ဆိုင် မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / January 20, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီ ၂၈ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်း၌ တိုက်အမှတ်(C-3)၊ အခန်း အမှတ်(၀၀၁) တိုက်ခန်းပိုင်ရှင် ဦးမျိုးခိုင်၏ ၂၅ x ၅၀ ပေ၊ RCC နှစ်ခန်းတွဲ၊ ငါးထပ်တိုက်၊ မြေညီထပ် (ဝဲဘက်)ရှိ Galactico အထည်ဆိုင်ရှိ ကတ်ထူစက္ကူအဟောင်းပေါ်တွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲ၍ မီးလောင်ရာမှတစ်ဆင့် ကတ်ထူစက္ကူသို့ မီးကူးစက်ပြီး အထည်အလိပ်များသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၅၄ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် တိုက်အမှတ်(C-3)၊ နှစ်ခန်းတွဲ၊ ငါးထပ်တိုက်၏ အခန်းအမှတ်(၀၀၁) မြေညီထပ်(ဝဲဘက်) ၂၅ x ၅၀ ပေ ဆိုင်ခန်း တစ်ခန်း၊ တိုက်အမှတ်(B-2)၊ တစ်ခန်းတွဲ လေးထပ်၏မြေညီထပ် ၂၅ x ၅၀ ပေ ဆိုင်ခန်း တစ်ခန်း၊ ၆၀ ကိုက်ပါ အထည်လိပ် ၄၀ လိပ်၊ အဝတ်အထည် ၅၅၀ ထည်ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဖုန်းပိုင်ရှင် ကောင်းခန့်ပိုင် အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
