ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံး


Ministry of Home Affairs/ နေပြည်တော် / January 22, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်  မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံ။ 


      ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၀ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ကုန်းတလပေါင်မှတ်တိုင်အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ  အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ အမှတ်(၃)လမ်းအတိုင်း မြောက်မှ တောင်သို့ လှည်းကူးမြို့နယ်၊ သရက်ကုန်းကျေးရွာနေ ဟိန်းဇော်(၃၆)နှစ် မောင်းနှင်လာသည့် BGO-11/1L-XXXX NISSAN CIVILIAN ခရီးသည်တင် မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ လမ်းဖြတ်ကူးသူ ကုန်းတလပေါင်ကျေးရွာနေ ဒေါ်အေးအေးမြင့်(၇၅)နှစ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဒေါ်အေးအေးမြင့်တွင် ထိခိုက်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့သောကြောင့် ဟိန်းဇော် အား ထောက်ကြန့်မြို့မရဲစခန်း ယာဉ်(ပ)၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။