ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ General Enterprise Garment အထည်ချုပ် စက်ရုံ၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်မှု
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ General Enterprise Garment အထည်ချုပ် စက်ရုံ၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်မှု
Ministry of Home Affairs/ နေပြည်တော် / March 06, 2026
၂၀၂၆ ခုနှစ်၊ မတ် ၅ ရက် နံနက် ၈ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ General Enterprise Garment အထည်ချုပ်စက်ရုံ၌ မီးဘေးလုံ ခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စက်ရုံအတွင်း မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ တပ်ဆင်ထားမှု ရှိ/မရှိ၊ ကုန်ကြမ်း၊ ကုန်ချောများ သိုလှောင် ထားမှု အခြေအနေ၊ လေဝင်လေထွက်စနစ်များ စီမံထားမှု ရှိ/မရှိ၊ လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များ ကောင်း/မကောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးလုံခြုံမှု ရှိ/မရှိ အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။