ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန်၌ ဂိုဒေါင် မီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန်၌ ဂိုဒေါင် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / March 16, 2026


     ၂၀၂၆ ခုနှစ်၊ မတ် ၁၄ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန်၌ ပိုင်ရှင် ဦးအီစွတ်(၅၄)နှစ် ပိုင်ဆိုင်သော အဆောက်အအုံတွင် ငှားရမ်းလုပ်ကိုင်သော ပိုင်ရှင် ဦးရဲလင်း(၄၂)နှစ်၏ ၁၀၀ x ၂၀၀ ပေ၊ Streel Structure တစ်ထပ် MYANMAR CONSUMER BEVERAGES Co.,Ltd ပစ္စည်းသိုလှောင်သည့် ဂိုဒေါင်အတွင်း ခြင်ဆေးခွေထွန်းထားခဲ့ရာမှတစ်ဆင့် စက္ကူကတ်ထူ၊ ပလတ်စတစ်နှင့် ကော်များသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၇၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည ၁၂ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါမီးလောင်မှုကြောင့် ၁၀၀ x ၂၀၀ ပေ၊ Streel Structure တစ်ထပ် အဆောက်အအုံ တစ်လုံး၊ နိုက်ထရစ်အက်စစ် 20 Liter ပါ ၉၀ ပုံး၊ စက္ကူကတ်ထူပုံးအဟောင်း ၂.၅ တန်၊ စက္ကူကတ်ထူ ပုံးအသစ် ၁၅၀ တန်၊ ကော်မှုန့် ၂၀ တန်၊ Plastic Pallet Recycle ၁၂၀၀၀ ခု၊ Wood Pallet Reject ၁၀၀၀ ခု၊ Plastic Role ၈၀ လိပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် တာဝန်ခံ ဦးတင်လတ် အား မင်္ဂလာဒုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။