ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / March 29, 2026
၂၀၂၆ ခုနှစ်၊ မတ် ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၂၇ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁ မိုင်အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မြို့မှ မန္တလေးမြို့ဘက်သို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်နေ ဦးထွန်းလင်းဦး(၅၆)နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ ဒေါ်အေးသီတာ(၅၆)နှစ် လိုက်ပါလာသည့် YGN-12/3L-XXXX LIGHT TRUCK မော်တော်ယာဉ်သည် အခင်းဖြစ်နေရာ အရောက်၌ ယာဉ်ကြောမရှင်းဘဲ ချိုးကွေ့စဉ် လားရာတူ အနောက်မှ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ ဦးကိုကိုထွေး(၄၉)နှစ် မောင်းနှင်သည့် RKE-16/9J-XXXX FORD RANGER မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးထွန်းလင်းဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ထွန်းလင်းဦး အား အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
