ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံး
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံး
Ministry of Home Affairs/ နေပြည်တော် / March 31, 2026
၂၀၂၆ ခုနှစ်၊ မတ် ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)လမ်းပေါ်ရှိ ဆိပ်ကမ်းသာလမ်းဆုံမီးပွိုင့်၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း အနောက်မှအရှေ့သို့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ ဦးရဲမင်းဟန်(၄၇)နှစ် မောင်းနှင်လာသော MDY-26/9H-XXXX HINO TRUCK မော်တော်ယာဉ်သည် ဆိပ်ကမ်းသာလမ်းဆုံမီးပွိုင့်အရောက်၌ လမ်းဖြတ်ကူးသူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ ဒေါ်အေးမြင့်စန်း(၆၅)နှစ်အား တိုက်မိခဲ့သဖြင့် ဒေါ်အေးမြင့်စန်းတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် ရဲမင်းဟန် အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း ယာဉ်(ပ)၁၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
