ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် ဆိုင်ခန်းမီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် ဆိုင်ခန်းမီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / April 25, 2026


     ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄ ရက် နံနက် ၃ နာရီ ၂၁ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် ပိုင်ရှင် ဦးကျော်စန်းဝေ (၂၉)နှစ်၏ ၄၀ x ၆၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း၊ RC တစ်ထပ် “KOကျော်နှင့်ညီအစ်ကိုများ” မော်တာ စက်ဘီးနှင့် ဂျပန်စက်ဘီးအမျိုးမျိုး လက်လီ/လက်ကားပြုပြင် ရောင်းဝယ်ရေးဆိုင်ခန်းတွင် ဘက်ထရီ စက်ဘီးအားသွင်းထားပြီး မေ့လျော့စွာအိပ်ပျော်သွားရာမှ ဘက်ထရီအပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အင်းစိန်ခရိုင် မီးသတ်စခန်း၊ အင်းစိန်မြို့နယ်မီးသတ်စခန်းနှင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ် တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၁၄ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၄၆ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါမီးလောင်မှုကြောင့် ၄၀ x ၆၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း၊ RC တစ်ထပ် ဆိုင်ခန်း၏ အမိုး၊ စက်ဘီးနှင့်စက်ဘီးအပိုပစ္စည်းများ၊ ၂၀ x ၆၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ် ဆံပင်ညှပ်ဆိုင်၏ ဘေးအကာနှင့်အမိုး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးကျော်စန်းဝေအား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။