ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု
Ministry of Home Affairs/ နေပြည်တော် / June 07, 2026
၂၀၂၆ ခုနှစ်၊ ဇွန် ၆ ရက် မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၄)ရပ်ကွက်၊ ပိတောက်ရွှေဝါ(၂)လမ်းရှိ လုံးပတ် ၂ ပေ၊ အမြင့် ၄၀ ပေခန့်ရှိ ကုက္ကိုပင်သည် အမြစ်မခိုင်ဘဲ လဲကျနေကြောင်း သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၅၂ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ပစ္စည်းဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိပါသည်။