ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သန်လျင်-ကျောက်တန်းလမ်းမကြီး၊ ဘုရားကုန်းလမ်းဆုံအနီးတွင် ယာဉ် တစ်စီး မီးလောင်မှု
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သန်လျင်-ကျောက်တန်းလမ်းမကြီး၊ ဘုရားကုန်းလမ်းဆုံအနီးတွင် ယာဉ် တစ်စီး မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / November 17, 2023
၂၀၂၃ ခုနစ်၊ နိုဝင်ဘာလ ၁၅ ရက် နံနက် ၁၁ နာရီ ၄၉ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သန်လျင် - ကျောက်တန်းလမ်းမကြီး၊ ဘုရားကုန်းလမ်းဆုံအနီးတွင်ရပ်ထားသော ယာဉ်မောင်း ဦးအောင်နိုင်မိုး၏ YGN - 41 1G-XXXX HIJET အမျိုးအစား အဖြူရောင်ယာဉ်သည် ကားစက်နှိုးစဉ် အင်ဂျင်ခန်းအတွင်းရှိ ဆီပိုက်ပြုတ်၍ အင်ဂျင်ပေါ်သို့ဆီကျရာမှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် သန်လျင်ခရိုင်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် YGN-41 1G-XXXX HIJET အမျိုးအစား အဖြူရောင်ယာဉ်၏ ကားခေါင်းခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး ယာဉ်မောင်း ဦးအောင်နိုင်မိုးအား သန်လျင်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။