ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ မင်္ဂလာ(၃)လမ်းတွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / March 02, 2024


   ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ မင်္ဂလာ(၃)လမ်းတွင် ပိုင်ရှင် ဒေါ်စန်းစန်းမော်၏  ၁၂x၁၈ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်တွင် ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင် များသည် မီးသတ်ယာဉ် ၁၅ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
    အဆိုပါ မီးလောင်မှုကြောင့် ၁၂x၁၈ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ် လူနေအိမ်တစ်လုံး၊ ၁၂x၁၈ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် လူနေအိမ်တစ်လုံး၊ ၁၈x၂၄ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ်လူနေအိမ်တစ်လုံး၊ စုစုပေါင်း လူနေအိမ် သုံးလုံးနှင့် အတွင်းပစ္စည်းများ  မီးလောင်ဆုံး ရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်စန်းစန်းမော်အား တိုက်ကြီးမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။