ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈/D)ရပ်ကွက်၊ ကျွန်းရွှေမြိုင်လမ်းတွင် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / March 02, 2024


    ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၈ နာရီ ၁၃ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈/D)ရပ်ကွက်၊ ကျွန်းရွှေမြိုင်လမ်းတွင် ပိုင်ရှင် ဦးမြင့်ခိုင်၏  ၁၀x၄၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်အဆောက်အအုံတွင် ပန်ကာဖွင့်ထားစဉ် မော်တာအပူလွန်ပြီး အနီးရှိ ဆိုဖာခုံပေါ်သို့ မီးပွားကျရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၄ စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၃၄ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
    အဆိုပါ မီးလောင်မှုကြောင့် ၁၀x၄၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်အဆောက်အအုံ နှစ်လုံး၊ ၁၅x၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်အဆောက်အအုံ တစ်လုံး၊ စုစုပေါင်း အဆောက်အအုံ သုံးလုံးနှင့် အတွင်းပစ္စည်းများ  မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးမြင့်ခိုင်အား ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။