ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၀ ရပ်ကွက်၊ လှိုင်သီတာ ၅ လမ်းတွင် သစ်ပင်လဲကျမှု


Ministry of Home Affairs/ နေပြည်တော် / May 26, 2024


     ၂၀၂၄ ခုနှစ်၊ မေ ၂၄ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၂၀ ရပ်ကွက်၊ လှိုင်သီတာ ၅ လမ်းတွင် အမြင့် ၃၀ ပေ၊ လုံးပတ်တစ်ပေခွဲခန့်ရှိ မန်ကျည်းပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီး အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့်ပစ္စည်းထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိပါကြောင်း သတင်းရရှိပါသည်။