ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၉)ရပ်ကွက်၊ သစ္စာလမ်းရှိ “ကျောက်ဖြူ” ရခိုင်မုန့်တီ လက်ညှစ်နှင့် ပင်လယ်အစားအစာဆိုင် မီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၉)ရပ်ကွက်၊ သစ္စာလမ်းရှိ “ကျောက်ဖြူ” ရခိုင်မုန့်တီ လက်ညှစ်နှင့် ပင်လယ်အစားအစာဆိုင် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / July 01, 2025


     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၉ ရက် နံနက် ၁ နာရီ ၂ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၉)ရပ်ကွက်၊ သစ္စာလမ်းရှိ ပိုင်ရှင် ဒေါ်ကြည်ကြည်သာ၏ ၁၈ x ၄၅ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ Steel Structure နှစ်ထပ် “ကျောက်ဖြူ” ရခိုင်မုန့်တီလက်ညှစ်နှင့် ပင်လယ်အစားအစာဆိုင် အဆောက်အအုံ၌ ၁၂ လက်မ စားပွဲတင်ပန်ကာအား အချိန်ကြာမြင့်စွာ ဖွင့်ထားပြီး မော်တာအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၁၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါဖြစ်စဉ်ကြောင့် ၁၈ x ၄၅ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ Steel Structure နှစ်ထပ် အဆောက်အအုံ အပေါ်ထပ်ရှိ ၁၀ x ၁၀ ပေ တစ်ခန်း၊ Air-Con Indoor တစ်လုံးနှင့် အတွင်းပစ္စည်း အနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆိုင်တာဝန်ခံ ဒေါ်ဝင်းမာအေး အား တောင်ဥက္ကလာပမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။